ခမောက်ကြီးမြို့တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း လိုက်လံ နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ ဦးစီးဌာနက ထိုးနှံပေးသည့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ အောက်တိုဘာလ ၁၃ ရက်နေ့၌ ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အားရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘန်း ကချွန်ကျေးရွာ ပြည်သူများအား အထက(၁)၊ အဏ္ဏဝါအလယ်တန်းကျောင်းခွဲနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အဆောက်အဦတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလှုံ့ဆော် မြေစိုက်ပိုစတာစိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရေး လှုံဆော်မြေစိုက်ပိုစတာအား ယမန်နေ့ညနေ ၅ နာရီက မြို့၏အချက်အခြာကြရာ၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ တွင် စိုက်ထူကြကြောင်း သိရသည်။

မိုင်းယောင်း၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုင်းဘုတ်စိုက်ထူ “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့”လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းယောင်း၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုင်းဘုတ်စိုက်ထူ “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့”လက်ကမ်းစာစောင်များ ဖြန့်ဝေ မိုင်းယောင်း အောက်တိုဘာ ၁၁ နန်းစီဖောင်း

ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား ယနေ့နံနက် ၉ နာရီတွင် အမှတ် ၂၀ အခြေခံပညာအထက်တန်းကျောင်း၌  ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီ၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရာက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ (အောက်တိုဘာလမှ မတ်လ) စီမံကိန်းရည်မှန်းချက်များနှင့် နေပြည်တော်ကောင်စီ၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးကြဖို့အတွက် သတိပေးနှိုးဆော်ခြင်းများ ပတ်သက်၍ တွေ့ဆုံ မေးမြန်းခြင်း

ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် သတ်မှတ်နယ်မြေအလိုက် အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေကိုလည်း ကာကွယ်ဆေးထိုးကြဖို့အတွက် အသိပေး ၊ သတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ထားပြီဖြစ်ပါတယ်ရှင့်…….။

တောင်တွင်းကြီးမြို့နယ်တွင်“ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၀၂၁)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၇၁၃) စောင်ဆောင်ရွက်ပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာ တောင်တွင်ကြီးမြို့နယ် ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာ(၁၀)ရက်အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၀၂၁)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၇၁၃)စောင် ဆောင်ရွက် ပြီးစီးကြောင်း သိရသည်။

ငပလီမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယနေ့ ဆက်လက် ထိုးနှံပေးလျက်ရှိ

ငပလီမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (တတိယအသုတ်) ဒုတိယနေ့အဖြစ် ဦးစာပေးအဆင့်အလိုက် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ စုရပ်(၁) အမက(မူလွန်)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းအချိန်မှစ၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to