ကြံခင်း အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် Oxygen စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က အစီအစဉ်နှစ်ရပ်ဖြင့် ကြံခင်းမြို့ လမ်းမတော်လမ်း မြို့ဦးရပ်ရှိ အောက်ဆီဂျင် စက်ရုံဝန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပထမပိုင်း အစီအစဉ်အရ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့် မြို့နယ် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်တို့က Oxygen စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန် နှင့်အဖွဲ့ဝင်များက Oxygenစက်ရုံအတွင်း အမွှေးနံ့သာများဖြင့် ပတ်ဖျန်းပြီး လှည့်လည်ကြည့်ရှု့ခဲ့ကြ ကြောင်း သိရသည်။
ထို့နောက် ဒုတိယပိုင်း အစီအစဉ်စတင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးသိန်းတန်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်မှ Oxygen စက်ရုံအောင်မြင်စွာ တည်ဆောက်နိုင်မှု၊ ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ရေရှည်ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်မှ Oxygenစက်ရုံ တည်ဆောက် ဖွင့်လှစ်နိုင်သဖြင့် စေတနာရှင်အလှုရှင်ပြည်သူများနှင့် စက်ရုံတည်ဆောက်ရေး ကော်မတီအဖွဲ့များ ကို ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ကော်မတီ အဖွဲ့များ၊ စေတနာရှင်အလှုရှင်ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)