ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသက် (၁၈)နှစ်ပြည့်ပြီးသူအားလုံးကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်သူ့ကျန်းမာရေး စင်တာတွင် တိုက်နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့များ၊ စေတနာဝန်ထမ်းများ ဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းကို ပြည်ကြီးမဏ္ဍိုင်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံထုတ် Sinopharm ဆေးတစ်လုံး လျှင်လူ၅ဦးနှုန်းဖြင့် စုစုပေါင်း(၂၇၀၀)ဦး အပြည့် ဒုတိယအကြိမ်အဖြစ်ထိုးနှံပေးမည်၊ ယခုလိုဆေးထိုးနှံပေးနိုင်ရေးအတွက် လှည့်လည်နှိုးဆော် ပေးခြင်းကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာက အင်္ဂါနေ့နှင့်သောကြာနေ့တို့တွင် အပတ်စဉ် ရပ်ကွက်ကျေးရွာများ၌ နှိုးဆော်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)၊