ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးကောင်းမွန်စေရေးအတွက် အင်္ဂလိပ် စာသင်တန်းပြန်လည်ဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများအင်္ဂလိပ် အရည်အသွေး ကောင်းမွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် အင်္ဂလိပ် စာသင်တန်းကို ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊( Community Centre) ၌ယနေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

ကျောက်မဲမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိရာ ပိန္နဲကုန်းကျေးရွာ၊ ဇလပ်ဝါ လက်ဖက်စက်ရုံရှိ လုပ်သားဝန်ထမ်း မိသားစုများနှင့် ခိုမုန်းကျေးရွာ အုပ်စု၊ ခိုမုန်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ဇလပ်ဝါ လက်ဖက်စက်ရုံ၌ ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်အသိပညာပေး Talk Show ဆောင်ရွက်

တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်အသိပညာပေး Talk Show ဆောင်ရွက် တောင်ဥက္ကလာပ အောက်တိုဘာ ၂ ခင်ဆွေနှင်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည်မင်းဘူး(စကု)မြို့နယ်အတွင်းရှိကိုဗစ်-၁၉ရောဂါတတိယလှိုင်းကူးစက်မှုကိုခံစားခဲ့ရပြီးQuarantine Centre နှင့် Treatment Centre များတွင် ဆေးကုသမှုခံယူခဲ့ရသော ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မင်းဘူး(စကု) မြို့နယ် ကံဦးရိပ်သာ Quarantine Centreတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် ဦးစားပေးအလိုက် သတ်မှတ်ထားသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်နှင့် အသက်(၅၅)အထက် ပြည်သူများနှင့် ဦးစားပေးအလိုက် သတ်မှတ်ထားသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလုပ်ငန်းကို ယနေ့နံနက်က နမ့်ပိန် ရပ်ကွက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုးအစား ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေး

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁)ရက်နေ့တွင် သက်မှတ်သည့်နေရာများ၌ ထိုးနှံပေးခဲ့သည်။

သီပေါမြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) စတင်လည်ပတ်လျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉ရောဂါ လူနာများနှင့် အောက်ဆီဂျင် အသုံးပြုနေရသူများ အတွက် အောက်ဆီဂျင်လိုအပ်မှု အခက်အခဲမရှိ လွယ်ကူ အဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် ပန်စောက်မိန်းကျေးရွာ၌ တည်ဆောက်တပ်ဆင်ထားရှိသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) အား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လည်ပတ်မောင်းနှင် လျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်နေပြည်သူများအား တန်ဖိုးသင့်စာသုံးဆီများရောင်းချပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဦးဆောင်မှုဖြင့် တွံတေမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍တွံတေးမြို့နယ်တွင်ယနေ့နံနက်၉နာရီကအိုးဘိုအရှေ့ရပ်ကွက်၊ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိရွှေညောင်ပင်လမ်းဆုံတွင်စားသုံးဆီလက်လီအရောင်းသယ်ယူပို့ဆောင်ရေးနှင့်ရောင်းချရေး ယာဉ်တော်ယာဉ်များ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန်နှင့် ဆီ၊ အသားများကိုဈေးနှုန်း သင့်တင့်စွာလာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to