ဘုတ်ပြင်းမြို့နယ်၌ မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ဆွေနွေးပွဲ ကျင်းပ

ဘုတ်ပြင်း   အောက်တိုဘာလ   ၂

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မသန်စွမ်းသူများ ဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show  ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပြည်သူများ အနေဖြင့် အသန်စွမ်းသူများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Online မှတဆင့်  အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာ မေးမြန်းဆွေးနွေး ခဲ့သည်။

မေးမြန်းဆွေးနွေးချက်များအပေါ် ပြည်သူများအနေဖြင့် မသန်စွမ်းသူများနှင့်ပတ်သက်သည့် ရှေးဦး အရွယ် ကလေးငယ်ပြုစုပျိုးထောင်ရေးဖွံ့ဖြိုးရေးနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့် တင်ရေးနှင့်စောင့်ရှောက်ရေးလုပ်ငန်း၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာ  စသည့်များကို ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် အသိပညာပေး ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)