ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာအနီးရှိ ကဥ္စနကျွန်းသာ ကုမ္ပဏီလီမိတက်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ သည် ယနေ့ နံနက်(၉)နာရီ မိနစ်(၄၀)အချိန်ခန့်ရောက်ရှိ၍ စပါးအခြောက်ခံစက်အား ကြည့်ရှု လေ့လာ ခြင်း၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ စပါးထုတ်လုပ်မှုများနှင့်ပတ်သက်၍ မေးမြန်းရာ တောင်သူ များမှ ဖြေရှင်းတင်ပြခြင်း၊ (၅)ဧကခွဲခန့်ရှိ စပါးစံပြစိုက်ကွက်အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တမြာကျေးရွာအုပ်စု၊ တမြာကျေးရွာရှိ ဧရာဝတီမြစ်ရေတင်စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ မြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြ၍ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ညွှန်ကြားဆောင်ရွက်ခဲ့သည်။