မင်းဘူးခရိုင် စကုမြို့ Quarantine Centre နှင့် Treatment Centre များတွင် ဆေးကုသမှု ခံယူနေသော ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေပေးအပ်

မင်းဘူး   အောက်တိုဘာ  ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကန်ဦးဓမ္မရိပ်သာ၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မကွေးတိုင်းဒေသကြီးမှ ယနေ့နံနက် ၁၀ နာရီ အချိန်က ထိခိုက်လွယ် အုပ်စုများဖြစ်သော အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို  ကျင်းပခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲများ ပြေလျော့ သက်သာစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ Quarantine Centre နှင့် Treatment Centre  များရှိ ထိခိုက်လွယ် အုပ်စုများဖြစ်သည့် အသက် ၆၀ နှစ်အထက် သက်ကြီး ရွယ်အိုများနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်းမှ ပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာကြရန်လိုကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်း အကြိမ်ရေပြည့်မှီအောင် လာရောက် ထိုးနှံကြရန်လိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထိုသို့ ထောက်ပံ့ရာတွင် Quarantine Center နှင့် Treatment Centre များရှိ ထိခိုက်လွယ် အုပ်စုဖြစ်သော အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အို ၂၆ ဦး၊ ၅ နှစ်အောက် ကလေးငယ် ၃ ဦး၊ စုစုပေါင်း၂၉ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀၊ နှုန်းဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူ အသီးသီးက ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော သူများအားဆက်လက် ထောက်ပံ့ ပေးအပ်သွားမှာဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

ဇေယျာထက်