မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်စံကျေးရွာရှိ လုံးသွယ်မွှေး မျိုးစပါးဧက(၁၀၀) စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ ကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံ ကျေးရွာ၊ ကွင်းအမှတ် (၁၂၀၃) ကျောက်စံကွင်းအတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေတွင် စိုက်ပျိုးထားသော JASMINE-105 လုံးသွယ်မွှေး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) စိုက်ပျိုး ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံတောင်သူ များက လိုက်လံရှင်းလင်းတင်ပြကြသည်။

မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုများမှ ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး

  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စု များမှ ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို အောက်တိုဘာလ(၁)ရက်၊ နံနက်(၉)နာရီမှနေ့လယ်(၁)နာရီအထိ တက္ကသိုလ် ဓမ္မာရုံတွင် ကျား(၅၂)ဦး၊ မ(၆၈)ဦး၊ ပေါင်း(၁၂၀)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၂၉)ဦး၊မ(၂၆) ဦး၊ပေါင်း(၅၅)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား (၈၄)ဦး၊ မ(၁၃၁)ဦး၊ ပေါင်း(၂၁၅)ဦး နှင့် အထက(၂)တွင် ကျား(၈၃)ဦး၊ မ(၈၇)ဦး၊ ပေါင်း(၁၇၀)ဦး စသည့်သတ်မှတ်နေရာ(၄)ခုတွင် ကျား(၂၄၈)ဦး၊ မ(၃၁၂)ဦး၊ ပေါင်း(၅၆၀)ဦး တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ပန်လုံမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက် (၁၈)နှစ်ထက်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေး(Vero Cell)ကို  ယမန်နေ့၊ နံနက်   ၁၀ နာရီအချိန်က ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က)စုရပ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ လုပ်ငန်းလည်ပတ်နေမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှု

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်နေမှုများနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ လုပ်ငန်း လည်ပတ်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထန်းတပင်၌ပန်းခင်းစီမံချက်ဖြင့်ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီး မှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက အတွင်းရေကျော် ကျေးရွာအုပ်စုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

မိုင်းရယ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအတွင်းရှိအသက် (၁၈)နှစ်ပြည့်ပြီးဆေးထိုးနှံခွင့်ရှိသည့် အလွှာအသီးသီးမှ ပြည်သူများအား ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဆေးထိုးရန် ကျန်ရှိသည့် နိုင်ငံ့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအတွင်းရှိအသက်(၁၈) နှစ်ပြည့်ပြီးသူများ၊ စားသောက်ဆိုင်၊ ဈေးဆိုင်နှင့်ကုန်ပစ္စည်းများ ရောင်းချသူများ၊ ရွှေ့ပြောင်း လူအုပ်စုနှင့် ယာယီစခန်းမှ လူပုဂ္ဂိုလ်များ၊ အခြားဝင်ငွေရှိသောလုပ်ငန်း လုပ်ကိုင်သူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါရှိသူများ စသည့် အလွှာလွှာ အသီးသီးမှ ပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီက ကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်နေ့စဉ် စစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့ မှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခြင်းကို ဘူးသီးတောင်-မောင်တော မြို့ဝင်စစ်ဆေးရေးဂိတ်၌နေ့စဉ်ပုံမှန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ ခိုလှုံနေသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ ဆင်တက်မော်အုပ်စု၊ ဆင်တက်မော်ကျေးရွာ IDPs စခန်းနှင့် အနောက်ရဲ IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၄၅) နှစ်အထက်နှင့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် (Sinovac Corona vac) ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် စတင်ထိုးနှံခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများအား ရွေ့လျားစျေးကားဖြင့် လှည့်လည် ရောင်းချ ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး တို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ စျေးလေးမှတ်တိုင်တွင် ယမန်နေ့နံနက်ပိုင်း ၇ နာရီစ၍ ဆန်၊ ဆီ၊ ကြက်ဥများကို ရွေ့လျားစျေးကားဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေး လျက်ရှိသည်။

လှိုင်မြို့နယ်တွင် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံခြင်းဆက်လက်ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံဝန်း၊ လှိုင် ကိုဗစ်-၁၉ ရောဂါကုသရေး စင်တာတွင် ယမန်နေ့နံက် ၉နာရီအချိန်က ကုမ္မဏီဝန်ထမ်းများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် စုပေါင်း (၉၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။  
Subscribe to