ဂွမြို့တွင်ပြည်သူများကိုဗစ်စည်းကမ်းချက်များနှင့်အညီသွားလာမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ်တွင်ကိုဗစ်၁၉ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးအတွက် နယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက အိမ်အပြင်ထွက်ကတ်ပါရှိမှု ရှိ/မရှိ နှင့်နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲသွားလာနေသူများအား စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လူအသွားအလာများသည့် မီးပွိုင့်လမ်းဆုံတွင်ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေကြသူများ၊ အိမ်ပြင်ထွက်ကတ်မပါရှိဘဲသွားလာနေသူများ နှင့် ခရီးသွားလာကြသူများအား စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။