ပင်လုံ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများအား ၂-၁၀-၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ စတင်၍ ပင်လုံမြို့ အထက(၁) ကျောင်း၌ ကိုဗစ်-၁၉ရောဂါ စတုတ္ထအသုတ် ကာကွယ်ဆေး (ပထမနေ့) ထပ်မံထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ပဉ္စမနေ့တွင် စတုတ္ထအသုတ်ကာကွယ်ဆေး (ပထမနေ့) ဆေးထိုးနှံရာနေရာသို့ ပင်လုံမြို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူ (၂၅၀)ဦး လာရောက်၍ ကာကွယ်ဆေး ထိုးနှံကြကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရာနေရာသို့ ပင်လုံ မြို့အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများ၊ ပင်လုံမြို့ အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီအဖွဲ့၊ လွိုင်လင်မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ လာရောက်ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ပင်လုံ (ပြန်/ဆက်)