ငဖဲမြို့နယ် သီပေါ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ငဖဲ   အောက်တိုဘာ  

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်လို သူများကို ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဝန်ဆောင်မှု ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀နာရီက ပန်းထိမ်းကျေးရွာ အုပ်စု သီပေါ်ကျေးရွာသို့သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြု လုပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒု-လဝကမှူး ဦးမျိုးမင်းကျော်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များ နှင့် စနစ်တကျထိန်းသိမ်း၍ ကိုင်တွယ်အသုံးပြုရန်အချက်များကို အသိပညာပေးပြောကြားသည်။

 ထို့နောက် ဒု-လဝကမှူးဦးမျိုးမင်းကျော်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ (က) ()ဦးနှင့် (က)ပြုလုပ်သူ ()ဦး၊ အသစ်လဲလှယ်သူ ()ဦး နှင့် မိတ္တူပြု လုပ်သူ ()ဦး စုစုပေါင်း ပြည်သူ(၁၀)ဦးအား အထောက်အထားများ စိစစ်ကာပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့်ကျန်ရှိသည့် ကျေးရွာများအရောက် ဆက်လက်၍ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)