နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ယမန်နေ့ ညနေ၄နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးတစ်လျှောက် သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။