မိုင်းငေါ့မြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

                                                                 မိုင်းငေါ့ အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ဆရာများ  နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘ့ာဆရာများနေ့ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီ အချိန် အချိန်ခန့် ကအဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး မိုင်းငေါ့မြို့အခြေခံပညာ အထက်တန်းကျာင်း အထက်တန်းပြဆရာမ ဒေါ်နန်းထွေးလင်းကြည်မှ ကမ္ဘာ့ဆရာများနေ့ ခေါင်းစဉ်ဖြင့် ယခုလို ဟောပြောဆွေးခဲ့ရာ ဆရာဟူသည် ပညာဆီမီးတို့ကို ဆီမီးတိုင်ပေါင်းများစွာသို့ ထွန်းညှိပေးသူ အနန္တဂိုဏ်းဝင် များဖြစ်ကြပါကြောင်း၊တစ်နည်းအားဖြင့် ဆုံးမသူ၊ ပဲ့ပြင်ပေးသူ၊ ပို့ချလမ်းညွှန်သူ၊ သင်ပြသူပင်ဖြစ်ပါကြောင်း၊ ဆရာအဖြစ် အသက်မွေးခြင်းဟာ မွန်မြတ်တယ် စင်ကြယ်သန့်ရှင်းတယ် လောကကို တိုးတက်အောင် ကြံဆောင်ထမ်းရွက်သူများဖြစ်ပါကြောင်း၊ လူတော်လူကောင်းမှန်သမျှသည် ဆရာတည်းဟူသော ဓားသွေးကျောက်ကို ထိတွေ့လျက် ထက်မြတ်ထူးချွန်မှု ကိုရယူခဲ့ကြသည်သာ ဖြစ်ပါကြောင်း “အသီးတစ်ရာအညှာတစ်ခု သဖွယ်ဖြစ်သော ဆရာများကို ဂုဏ်ပြုအပ်သော ကမ္ဘာ့ဆရာ များနေ့သည်လည်း အရေးပါးသော နေ့တစ် နေ့ဖြစ်ပါကြောင်း စသည့်‌အ‌ကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရပါသည်။

မြင့်သွယ်