မြိတ်မြို့နယ်အား Stay at Home မြို့နယ်အဖြစ် ပယ်ဖျက်ခြင်း မရှိသေးပါကြောင်းနှင့် ကိုဗစ် ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီနေထိုင်ရေး အသိပေးကြေညာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက် ဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ ကျေးရွာများတွင် ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် Stay at Home စည်းကမ်းချက်များနှင့်အညီ ဆက်လက်နေထိုင်ကြရန် မော်တော်ယာဉ်များဖြင့် တာဝန်ရှိသူများက အသိပေး ကြေညာခဲ့ ကြသည်။