ခေါဇာ အောက်တိုဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းကို လျော့ချစေရန်နှင့် ကူးစက်ပြန့်ပွားမှုကို တာဆီးကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက်(၅၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်)အဖြစ် စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ ကာကွယ်ဆေးထိုးနှံပေးရေး အမှတ်(၉) အဖွဲ့မှခေါဇာမြို့ မြို့လယ်ဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က အသက် (၅၅)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန်ကျန်ရှိသော ဒေသခံပြည်သူများအား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့် စည်းကမ်း ချက်များနှင့်အညီ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး တတိယအသုတ် (ပထမအကြိမ်) အဖြစ် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ အမှတ်(၉) တွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသူ ဒေသခံပြည်သူ (၂၅၀၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ခေါဇာ