သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၉)ဦးထပ်မံတွေ့ရှိရပြီး လူနာ(၃)ဦး ထပ်မံသေဆုံး

သီပေါ အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အောက်တိုဘာလ ၃ ရက်နေ့က ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၉)ဦး ထပ်မံ တွေ့ရှိရပြီး လူနာ(၃)ဦးထပ်မံ သေဆုံးကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

အောက်တိုဘာလ၃ ရက်နေ့ကသီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၁၀)ဦးအား COVID-19 Antigen RDT  Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ(၉)ဦးတို့တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်း၊ အဆိုပါပိုးတွေ့ လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ  သီးသန့်ကုသကြပ်မတ်ဆောင်(Isolation Ward)တွင်   ဆေးကုသနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာနှင့် ထိတွေ့ ဆက်စပ်သူများအား Home Quarantine ထားရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင်အောက်တိုဘာလ၃ ရက်နေ့ အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း (၁၄၅၀)ဦးရှိပြီး၊သေဆုံးသူ(၈၈)ဦးရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသူ (၉၇)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)