တောင်သာ အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်ရုံး တွင်၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အကြိုဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်(ငြိမ်း)နှင့်ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။
၂၀၂၁ ခုနှစ်၊အောက်တိုဘာလ(၅)ရက်နေ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုသောအားဖြင့် ဆရာကြီးဦးသန်လွင်မှ မြတ်ဆရာနေ့အပေါ် ပီတိ စကားများ၊ ဆရာကျင့်ဝတ်နှင့်အညီခံယူပြီး သင်ကြားပေးမှု၊ ဆရာကြီးငယ်စဉ်က တပည့်ကျင့်ဝတ်နှင့်အညီ လေ့လာဆည်းပူးခဲ့ပုံများ၊ပညာရေးဟာ နိုင်ငံတစ်နိုင်ငံ အတွက်ဘယ်လောက်အရေးကြီးပုံများ၊ ယနေ့လူငယ်တွေရဲ့ ပညာရေးအပေါ်အမြင် နှင့်စိတ်ဝင်စားပုံအကြောင်းများကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အောက်တိုဘာလ(၅)ရက်နေ့ ကမ္ဘာ့ဆရာများနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပေးတဲ့ ကမ္ဘာ့ကုလသမဂ္ဂမှဆောင်ရွက်သည့်အတိုင်း မြန်မာနိုင်ငံမှာ လည်း ကျင်းပပြုလုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)