မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ်အဖြစ် အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ကွမ်းစိုက်၊ပျော်ဘွယ်၊တလုတ်၊နွားဘူးအိုင်၊ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန် တို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

ရေတာရှည်မြို့နယ်တွင် နေကြာ(သီးညှပ်)ဧက ၁၀၀၀ စိုက်ပျိုးရန် ဆင်း​ရွှေကြာ-၂ မျိုး​​စေ့ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဆီဖူလုံမှုတိုးတက်​ရေးအတွက် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နေကြာ သီးညှပ်ဧက ၁၀၀၀ စိုက်ပျိုးရန် တောင်သူများအား မျိုး​စေ့​ထောက်ပံ့​ပေးအပ်ပွဲ ကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောင်တရား၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများ တတိယနေ့တွင် (၅၄၅)ဦးလာရောက်ထိုးနှံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.မ.က ကျောင်းကုန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ ကာကွယ်ဆေးထိုးနှံပေးသည့် တတိယနေ့တွင် (၅၄၅)ဦးလာရောက်ထိုးနှံကြသည်။

သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Clubအသင်းများ ပြန်လည်ဖွဲ့စည်းဆောင်ရွက် သီပေါ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် Book Club ၊ Women Club အသင်းများပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက်(၁၁)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက် ခဲ့သည်။

ကျိန္တလီမြို့၌ အသက်(၄၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုး နှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယနေ့နံနက် ၉ နာရီအချိန်မှ ညနေ(၃) နာရီအချိန်ထိ ရှောက်ကုန်းကျေးရွာအုပ်စု၊ တောင်ပတ်လည်ကျေးရွာအုပ်စု၊ ကိုင်းခုံကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ် အထက်ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပြီးစီး

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေးနေ့အထိမ်းအမှတ်အဖြစ် ငပုတောမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စက်တင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ နံနက်(၁၀) နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ခွေး(၅၆) ကောင်နှင့် ကြောင်(၄)ကောင် စုစုပေါင်း(၆၀) ကောင်အား အခမဲ့ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ဒိုက်ဦး၌ ယနေ့ပိုးတွေ့လူနာ မတွေ့ရှိရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းများကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုက်လံဆော်ဩလျက် ရှိသည်။

ကလေးဝမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)နှင့် ချင်းတွင်းမြစ်သာခန်းမ သစ်ချောက်ကျေးရွာတို့ရှိ စာသင် ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။
Subscribe to