နောင်ချို အောက်တိုဘာ ၄ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ယမန်နေ့ ညနေ၄နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးတစ်လျှောက် သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များအား လိုက်နာ ကြရန်၊ မဖြစ်မနေအရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါကပါးစပ်နှာခေါင်းစည်းMaskစနစ်တကျတပ်ဆင်ရန်၊ အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ နေထိုင်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကို ကိုင် တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်စက္ကန့်၂၀ကြာအောင်ဆေးကြောကြရန်၊ မိမိတို့၌ရောဂါပိုး ရှိသည်ဟု သံသယ ရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးနိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်ချက် များကို အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)