‌‌ရွှေပြည်သာမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေ မိသားစုများအား ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ

ရွှေပြည်သာ အောက်တိုဘာ ၄

ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၅၅)နှစ်နှင့် အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ နိုင်ငံ့ဝန်ထမ်းနှင့် အတူနေ  မိသားစုများအား (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ အမှတ်(၆) ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နံနက်(၉)နာရီအချိန်မှ (၁၂)နာရီအချိန်အထိ  ကျန်းမာ‌ရေးဝန်ထမ်းများက အောက်ထပ်တွင် အမှတ်(၆) ရပ်ကွက်မှ အသက် (၅၅)နှစ်အထက် ပြည်သူများ၊ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ (၂၀၀)ဦးခန့်နှင့် အပေါ်ထပ်တွင် စျေးသူ/သား (၂၅၄)ဦးခန့်အား ဆေးထိုးအဖွဲ့ (၃)ဖွဲ့ခွဲ၍ ထိုးနှံပေးခြင်း မွန်းလွဲ(၁)နာရီအချိန်မှ စတင်၍ နိုင်ငံ့ဝန်ထမ်းများနှင့်အတူ နေမိသားစု(၂၀၅)ဦးခန့်နှင့် အမှတ်(၅) ရပ်ကွက် ရှိ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူ (၁၂၉)ဦး ခန့်တို့ကို အပေါ်ထပ်နှင့် အောက်ထပ် တို့တွင် အဖွဲ့(၃)ဖွဲ့ခွဲ့ပြီး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ  ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်၊ ထိန်းချုပ်‌၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်   အဖွဲ့ဝင် များ၊ ပရဟိတအသင်းအဖွဲ့များမှ လာရောက်ကြည့်ရှုအားပေး၍ လိုအပ် သည်များ‌ကို ပေါင်းစပ်‌ဆောင်ရွက်‌ပေးခဲ့ကြောင်း  သိရသည်။

အေးမိုး(ပြန်/ဆက်)