ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်နှင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုရှိသော ကျေးရွာများသို့ ပိုးသတ်ဆေးများသွားရောက် ပက်ဖျန်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းစေရေးအတွက် မြို့၀င်/မြို့ထွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် နေအိမ်ပြင်ပ ထွက်ခွာခွင့်များကို စစ်ဆေးခြင်းနှင့် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များအတိုင်း သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၅၇၃) ဦးရှိပြီး ဆေးဝါး ကုသမှုခံယူနေသူ (၃) ဦးရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၉) နာရီခွဲ အချိန် က ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည် ဆင်းခွင့်ရရှိသူ (၅၇၃) ဦးရှိ၍ ဆေးဝါးကုသမှုခံယူနေသူ(၃)ဦး ရှိကြောင်း ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရှိရ သည်။

ရေးမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို သတ်မှတ်ဆေးထိုးအုပ်စု နေရာများတွင် ယနေ့နံနက်ပိုင်းမှ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနမွန်းလွဲ ၁ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ရေဦး၌ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများလှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ကြက်ခြေနီအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက အဆိုပါဌာန နားနေဆောင်၌ ရှေးဦးသူနာပြုစုနည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း(Youth Club)ဖွဲ့စည်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီး ဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း(Youth Club)တို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းစဉ်များ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲ တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နန်းပီးနှင့် ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဟမ်းစပီကာဖြင့် အသိပညာပေးနှိုးဆော်ခြင်း ကို မန်အုံကျေးရွာနှင့် မန်ပတ်ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မိုင်းဆတ်မြို့၌ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

 ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌  အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များ အားပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို  ယနေ့ နံနက်(၈) နာရီခွဲ အချိန်ခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတုတ္ထအသုတ် ပထမအကြိမ် ပထမနေ့အဖြစ် ဆက်လက်ထိုးနှံပေး

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ် တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာ ကွယ်ဆေးထိုးနှံထားခြင်းမရှိ အသက်(၁၈)နှစ်အထက် ရှိသူများအား စတုတ္ထအသုတ် ပထမအကြိမ် ပထမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့သည်။
Subscribe to