နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ “ဆပ်” မျိုးကွဲ(၃)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်း

နတ်မောက် အောက်တိုဘာ  ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန (ရေဆင်း) တို့ပူးပေါင်း၍ စိုက်ပျိုးထားသော “ဆပ်” မျိုးကွဲ(၃)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့စိုက်ပျိုးခြင်းဖြင့် နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများ ကျွဲ၊ နွားစာ လုံလောက်စွာ ရရှိရေးအတွက် ဒေသရာသီဥတုနှင့်ကိုက်ညီမှုရှိသော “ဆပ်” မျိုးကွဲအထွက်ကောင်း “ဆပ်”မျိုးသစ်များ သိရှိနိုင်ရန်အတွက် “ဆပ်”မျိုးကွဲ (၃)မျိုးဖြစ်သည့် ပုလဲ (၃)၊ ICNH 9192၊ ICMV X2 123 မျိုးများကို တမာပင်ရပ် တောင်သူဦးအောင်မြင့်မြတ် စိုက်ခင်းတွင် စမ်းသပ် စိုက်ပျိုးဆောင်ရွက်ခဲ့ရာ အထွက်ကောင်း “ဆပ်”မျိုးသစ် သိရှိနိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူပူးပေါင်းကာ မျိူးကွဲတစ်ခုခြင်း စီအလိုက် ရိတ်သိမ်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

သင်းသင်းမြတ်