ရွှေပြည်သာ အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပေးခြင်းနှင့် အသက် (၅၅)နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး လှည့်လည်နှိုးဆော်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဝင်များက ရပ်ကွက်၊ ကျေးရွာများအလိုက် ယနေ့ နေ့လယ်(၁၂)နာရီအချိန်က အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေး ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအတိုင်း ပြုမူနေထိုင်ကြရန် စသည့် အသိပေးခြင်းများနှင့် အတူ မိမိတို့ရပ်ကွက်၊ ကျေးရွာများ အတွင်း အသက် (၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများကို အ.ထ.က (၄)နှင့် အ.ထ.က(၇)တို့တွင် စုရပ်(၂) ခုခွဲ၍ အောက်တိုဘာ(၅)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ ဇီးကုန်း ကျေးရွာ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၈) ရပ်ကွက်နှင့် အမှတ်(၂၀)ရပ်ကွက်တို့တွင် အဖွဲ့(၃)ဖြင့် (၂)ချိန်ခွဲ၍ ထိုးနှံသွားမည်ဖြစ်ကြောင်း သို့ဖြစ်ပါ၍ မိဘပြည်သူ များအနေဖြင့် ကာကွယ်ဆေးများကို သွားရောက်ထိုးနှံပေးကြပါရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
မြိုနယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ဦးတည်အုပ်စုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးရန် ကျန်သူများအား ရပ်ကွက်၊ ကျေးရွာများအလိုက် သတ်မှတ်ထားသည့် စုရပ်နေရာများတွင် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်း ကောက်ယူခြင်း၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စာရင်းကောက်ယူခြင်း၊ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး နှိုးဆော်ပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အောက်ဆီဂျင်ဖြန့်ဝေပေးခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကျန်းမာရေးဆိုင်ရာအသိ ပေးခြင်း၊ သတိပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)