မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ လှည့်လည် အသိပေး နှိုးဆော်လျက်ရှိသည်။

လှည်းကူး ရှမ်းရွာကျေးရွာ၌ (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်ကုသ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာရှိ အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းရုံး၌ ယမန်နေ့က (အခမဲ့) ကုသိုလ်ဖြစ် ဆေးခန်း ဖွင့်လှစ်၍ ဒေသခံပြည်သူများကို ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့၌ မိုးနှောင်း ချည်မျှင်ရှည် ဝါစိုက်ပျိုးနည်း လက်တွေ့ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ ကွင်းအမှတ် ၄၉၆ တောင်သူ ဦးကြည်ဝင်း၏ ယာမြေ ဧကတွင် ယနေ့နံနက်ပိုင်းက မိုးနှောင်း ချည်မျှင်ရှည် ဝါစိုက်ပျိုးနည်း လက်တွေ့ပြသခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြိတ်မြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ  သွားရောက် ထောက်ပံ့

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းကျေးရွာ ရှောင်ကွင်း လမ်းနဘေးရှိ နေအိမ်တစ်လုံးသည် ယမန်နေ့ နံနက်ပိုင်းက မီးဘေးသင့်ခဲ့ရပြီး မီးဘေးသင့် အိမ်ထောင်စုအား ယနေ့ နေ့လယ်ပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက် ထောက်ပံ့ပေးခဲ့ကြသည်။

မုဒုံမြို့၌ စီမံကိန်းကျေးရွာများ ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်၂၀၂၁-၂၀၂၂ ဘဏ္ဍနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်းကျေးရွာများ ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဂွမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စုရပ်(၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ၂၀ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံပြီးသူပေါင်း (၇၄၇၉)ဦးရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to