ဖောင်းပြင်မြို့နယ်၌ ကျေးရွာများအရောက် ကွင်းဆင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ပထမအကြိမ်) ထိုးနှံပေးရာ ပြည်သူများအနေဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံရာတွင် အဆင်ပြေစေရေးအတွက် သရောင်းကျေးရွာအုပ်စု၊ မင်းယား ကျေးရွာအုပ်စု၊ စန္ဒားကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်နှင့်အထက်ရှိ သူများကို ကျေးရွာများအရောက် ကွင်းဆင်းပြီး ယမန်နေ့ကစတင်ထိုးနှံခဲ့သည်။