ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေး

ကျိုင်းတုံ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌  ဒေသခံပြည်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်း ကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများတွင်  RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူ ၆၄၆ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၁၄၉ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက အတည်ပြု လူနာကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ စစ်ဆေးခြင်းကို ကျိုင်းတုံမြို့နယ်၊ ဝမ်ဆောင်းကျေးရွာအုပ်စု ဝမ်ယောင်းကျေးရွာ၊ မိုင်းလမ်း ကျေးရွာအုပ်စု ဝမ်ဝိုးကျေးရွာ၊ ကတ်တောင်ကျေးရွာအုပ်စု ပါစပ် ကျေးရွာ၊   မိုင်းဇင်းကျေးရွာအုပ်စု နောင်နွမ်းကွက်သစ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ Fever Clinic နေရာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)