နမ့်စန်တွင် ကိုဗစ်ရောဂါအတည်ပြု ၇ ယောက်မြောက် ကိုယ်ဝန်ဆောင်လူနာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွား
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲချိန်၌ အမှတ်(၅) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အား ခွဲစိတ်၍ အောင်မြင်စွာကလေးမွေးဖွားပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။