မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန် အတွက် ငါးသားပေါက် များပေးအပ်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများသို့ လုပ်ငန်းများ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများသို့ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်အရ ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ Mobile စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့မှယမန်မွန်းလွှဲပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာ များသို့သွားရောက်၍ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချနေသည့် စက်သုံးဆီ ဆိုင်များနှင့် ပုံမှန်ဖွင့်လှစ်နေ သည့် အခြားဆီဆိုင်များအား ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့၌ အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့ရှိ နေပူခံတိုက်ပွဲရှောင်စခန်းမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ နေပူခံတိုက်ပွဲရှောင်စခန်း ယာယီဖွင့်လှစ် ထားသောနေရာသို့ လာရောက်ခိုလှုံနေကြသော အသက်(၁၈)ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးအား ဆက်လက်ထိုးနှ့ခြင်းကို ယနေ့ နံနက် ၉ နာရီက နေပူခံတိုက်ပွဲရှောင်စခန်းရှိ သတ်မှတ်စုရပ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်အချက်များအား ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ကျေးရွာများအရောက် လိုက်လံအသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပေါက်လောက်ကျေးရွာအုပ်စု၊ ယာဂေကျေးရွာသို့ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များပေးအပ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထေက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ယနေ့ဆေးရုံဆင်းခွင့် ရရှိသူ ၁၇ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၃၄၂ ဦးရှိပြီဖြစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ၍မြို့နယ် ဆေးရုံနှင့်တိုက်နယ် ဆေးရုံလေးရုံတို့တွင် တက်ရောက် ဆေးကုသမှု ခံယူနေသော လူနာများထဲမှကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီး ယနေ့တွင်ဆေးရုံဆင်းခွင့် ရရှိသူ ၁၇ ဦးရှိကြောင်း သိရသည်။
Subscribe to