ဆီဆိုင်မြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ရပ်ကွက်များမှ အသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌  ဆောင်ရွက်ပေးခဲ့သည်။

ပဲတောင့်ရှည် ဈေးကောင်း၍ စိုက်ပျိုးတောင်သူများ အမြတ်အစွန်း ပိုမိုရရှိ

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်ကွက်တွင် မိသားစုတစ်ပိုင်တစ်နိုင်အဖြစ်(၃၁၃) ပဲတောင့်ရှည် စိုက်ပျိုး ရောင်းချသူ တောင်သူမိသားစုများ ပဲတောင့်ရှည်ဈေးကောင်း၍ မိသားစုဝင်ငွေ ပိုမိုရရှိနေကြောင်း သိရသည်။

သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မြို့တော်ခန်းမ စုရပ်နေရာတွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယ အသုတ် (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်လည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့တွင်ကမ္ဘာ့ဆရာများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်အငြိမ်းစားဆရာမကြီးတစ်ဦး၏ ဝမ်းသာပီတိစကားသံ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၁-ခုနှစ် ၊ အောက်တိုဘာလ ၅ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုသော အားဖြင့် ဒေးဒရဲမြို့ အငြိမ်းစားဆရာမကြီးတစ်ဦး၏ ဝမ်းသာပီတိစကားသံ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကို ယခုလိုဖေါ်ပြပေးလိုက်ရပါတယ်ရှင်။

သရက်မြို့၌ Community Positive Centre များတွင် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူခဲ့သည့် ထိခိုက်လွယ် အုပ်စုများအား ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ Community Positive Centre များတွင် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူခဲ့သည့် ထိခိုက်လွယ်အုပ်စုများအား မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ အောက်ဆီဂျင်စက် စတင်လည်ပတ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်အတွင်း တည်ဆောက်ပြီးစီးသည်ဖြစ်သည့် အောက်ဆီဂျင်စက်မှ ယမန်နေ့  ညနေ ၅ နာရီခန့်က  စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိရာ ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိ ကြကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိရပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာ(၁၄၇၇ )ဦးအထိရှိလာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အောက်တိုဘာလ ၄ ရက်နေ့က ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

အိမ်မဲမြို့နယ်အိမ်မဲချောင်းအတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် လုံခြုံရေးများလိုက်လံစစ်ဆေး

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများအေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးစသည့် ရည်ရွယ်ချက်များဖြင့် အိမ်မဲချောင်း တစ်လျှောက် လုံခြုံရေးများ လိုက်လံစစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to