ဖောင်းပြင် အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ပထမအကြိမ်) ထိုးနှံပေးရာ ပြည်သူများအနေဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံရာတွင် အဆင်ပြေစေရေးအတွက် သရောင်းကျေးရွာအုပ်စု၊ မင်းယား ကျေးရွာအုပ်စု၊ စန္ဒားကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်နှင့်အထက်ရှိ သူများကို ကျေးရွာများအရောက် ကွင်းဆင်းပြီး ယမန်နေ့ကစတင်ထိုးနှံခဲ့သည်။
ထိုသို့ထိုးနှံပေးခဲ့ရာ သရောင်းကျေးရွာအုပ်စုတွင်(၇၈၈)ဦး၊ မင်းယားကျေးရွာအုပ်စုတွင် (၂၅၀)ဦး၊ စန္ဒား ကျေးရွာတွင် (၂၅၂)ဦးတို့ကို ကျေးရွာများသို့ သွားရောက်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး မထိုးနှံရသေးသည့် ကျေးရွာများကိုလည်း အလားတူ ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လုံးအနေဖြင့် ထိုးနှံပြီးသူ ယနေ့အထိ(၃၀၈၀) ဦးရှိကြောင်း သိရကာ စတုတ္ထအသုတ် (ပထမအကြိမ်)အတွက် လူဦးရေ(၅၀၀၀)ဦး ထိုးနှံနိုင်မည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုများဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဌာနဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ပူးပေါင်းပါဝင်ကာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)