အချက်အလက်များအား VMIS စနစ်ဖြင့် Excel စာရင်းရေးသွင်းခြင်းသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက်အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင်အချက်အလက်များအားVMISစနစ်ဖြင့်Excelစာရင်းရေးသွင်းခြင်းသင်တန်းကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု အန္တရာယ်ကင်းဝေးပြီး အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

ကျောက်မဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့်  ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များကို အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည်  မြို့ပေါ်ရပ်ကွက ်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင်  ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ကာ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ရပ်ကွက်(၁) အတွင်းရှိ မြို့မဈေးအနီးသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များကစဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                                                 

ကျောက်ဆည်မြို့နယ်တွင် ဝါစိုက်တောင်သူများအား အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ဝါမျိုးစေ့များ ဖြန့်ဖြူးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လွန်ကျော်ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံမှ အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ဝါမျိုး ကောင်း၊ မျိုးသန့်များကို သုတေသနပြုစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်ဝါမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်မဲမြို့တွင်အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်နှင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုရှိသော ကျေးရွာများသို့ ပိုးသတ်ဆေးများသွားရောက် ပက်ဖျန်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းစေရေးအတွက် မြို့၀င်/မြို့ထွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် နေအိမ်ပြင်ပ ထွက်ခွာခွင့်များကို စစ်ဆေးခြင်းနှင့် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များအတိုင်း သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၅၇၃) ဦးရှိပြီး ဆေးဝါး ကုသမှုခံယူနေသူ (၃) ဦးရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၉) နာရီခွဲ အချိန် က ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည် ဆင်းခွင့်ရရှိသူ (၅၇၃) ဦးရှိ၍ ဆေးဝါးကုသမှုခံယူနေသူ(၃)ဦး ရှိကြောင်း ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရှိရ သည်။
Subscribe to