ပင်လောင်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် စက်ရုံ၊ အလုပ်ရုံများမှ အသက်၁၈ နှစ်မှ ၆၅ နှစ် ကြားမိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက် ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ယမန်နေ့ အထိပြည်သူစုစုပေါင်း ၉၇၉၉ ဦးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း သတ်မှတ်ဆေးထိုးစုရပ်များအပြင် ကျေးလက်နေပြည်သူများထံသို့ အရောက်သွား၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ အစိုးရကျန်းမာရေး၀န်ထမ်း ၇ ဦး၊ စေတနာ/ပရဟိတ ၀န်ထမ်းများ ၃၁ ဦး၊ဘုန်းကြီး/သီလရှင် ကျောင်းနှင့်သာသနာ့၀န်ထမ်းများ ၁၁၉ ဦး၊ နိုင်ငံ့၀န်ထမ်းများ ၄၀၃ ဦး၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ၀န်ထမ်းများ ၄၄၂ ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ၄၄ ဦး၊ ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းမှ ၁၅ ဦး၊ ပုဂ္ဂလိက ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းများမှ ၂ ဦး၊ အခြား၀င်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ ၇၆၄၁ ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ/ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်မှ ၀န်ထမ်း များ ၁၀၉ ဦး၊ မှီခိုသူများ ၉၇၀ ဦး၊မသန်စွမ်းသူများ ၁၄ ဦး၊ အစိုးရမဟုတ်သော ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများမှ ၀န်ထမ်းများ ၂ ဦး၊ စုစုပေါင်း ၉၇၉၉ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ပြည်သူများ အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ထွန်းလင်း(ပင်လောင်း)