ဝမ်းတွင်း ၊ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် Vaiunteer များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီမှ စတင်ကာစုရပ်(၃)နေရာခွဲ၍ သက်ဆိုင်ရာ စုရပ်နေရာများအလိုက် ဒေသခံပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Covid - 19 ရောဂါကာကွယ်ဆေး Sinopharm အား FirstDose၊ SecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများ အုပ်စုများရှိ အသက်(၆၅)နှစ်အထက်ဒေသခံ ပြည်သူများနှင့် Valunteer များအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅)နှစ်ထက် ရှိသူများနှင့်Valunteerများကို သက်ဆိုင်ရာစုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinopharmထိုးနှံပေးခြင်းများဆောင်ရွက်ရာသို့မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာထားထားနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များကလာရောက်ကြည့်ရှု့ကာ အားပေးစကားများ ပြောကြား ခဲ့ပြီးဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာပြီး ရောဂါကူးစက်ပျံ့ပွားမှု့ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ ပြေားကြားခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် (၄.၁၀.၂၀၂၁)နေ့တွင် ကာကွယ်ဆေးထိုးစုရပ်များ၌ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး Simoparmထိုးနှံပေးခြင်းအနေဖြင့် အသက်(၆၅)နှစ်အထက်ရှိသူနှင့် ဒေသခံပြည်သူ(၁၉၀၀)ဦးကို သက်ဆိုက်ရာ စုရပ်များအလိုက်ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီးကျန်ရှိသည့် ဒေသခံပြည်သူများအား ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းသိရ သည်။
ကိုရဲ(ဝမ်းတွင်း)