တောင်တွင်းကြီးမြို့နယ်၌ တစည Positive Centre တွင်ကူညီဆောင်ရွက်ပေးသည့် စေတနာ့ဝန်ထမ်း ပရဟိတ အဖွဲ့များအား ဂုဏ်ပြု

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ တစည Posite Centre တွင် ကူညီဆောင်ရွက်ပေးသည့် စေတနာဝန်ထမ်းပရဟိတအဖွဲ့ Volunteer များအား ဂုဏ်ပြုပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲက တစည Positive Centre အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရေး ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၊ (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် (Sinopharm)ကာကွယ်ဆေးထိုးနှံနိုင်ရေးစ​ကောကရင်၊မြန်မာဘာသာတို့ဖြင့် နှိုးဆော်ခြင်းများ ဆောင်ရွက်

ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့်ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး နှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲအချိန်၌ ကိုဗစ်-၁၉ ရောဂါကူးစက် မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ်( ၃)ရပ်ကွက် ရာအိမ်မှူးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းလှ၌ လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ပြန့်နှံ့မှု မရှိစေရန်အတွက် အောက်တိုဘာ ၅ ရက်နေ့ နံနက် ၈ နာရီချိန်မှ ၁၁ နာရီအချိန်ထိ မြို့ဝင်/မြို့ထွက် နေရာများ၌ လမ်းသွားလမ်းလာ ပြည်သူများကို ကိုဗစ်ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးညွန့်ဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ် ကျေးရွာအုပ်စု၊ ရွှေဘိုရွာသစ် ကျေးရွာရှိ ဒေသခံပြည်သူများကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်တရားမြို့၌ ငါးနှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ငါးနှစ်အောက် ကလေးငယ်များကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

COVID - 19ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ၊ လူမှုရေး အသင်းအဖွဲ့များအား ကျွေးမွေးစရိတ်နှင့် စက်သုံးဆီဖိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

COVID - 19ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ၊ လူမှုရေးအသင်းအဖွဲ့များအား ကျွေးမွေးစရိတ်နှင့် စက်သုံးဆီဖိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၄ရက်နေ့ ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။

ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်‌အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူ့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနှင့် မြို့နယ်ဦးစီးမှူးဦး‌ကျော်စိုးဦးဆောင်၍ အဖွဲ့များခွဲကာ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ကသဲကုန်း‌ ကျေးရွာအုပ်စုနှင့် ဇုက္ကနိကျေးရွာအုပ်စုတို့အား အဆိုပါရုံးတွင်လည်းကောင်း၊ ဖိုးခမှီဒေါင့်ကျေးရွာအုပ်စုအား ကျေးရွာအရောက်ကွင်းဆင်း၍ လည်း‌ကောင်း ကိုဗစ်-၁၉စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ ပြီးလက်ကမ်းစာ‌စောင်များအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းမှ ပြန်လည်ကျန်းမာလာသူနှင့် တွေ့ဆုံမေးမြန်း

ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းမှ ပြန်လည်ကျန်းမာလာသူနှင့် တွေ့ဆုံမေးမြန်း ကြို့ပင်ကောက် အောက်တိုဘာ ၅ ဇေယျာထွန်း
Subscribe to