မိုင်းလုံမြို့  “ဖြူစင်မေတ္တာပရဟိတ”အသင်းအား အောက်စီဂျင်အိုးနှင့် အလှူငွေများပေးအပ် လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန် ယမန်နေ့က ဖြူစင်မေတ္တာပရဟိတအသင်းထံ အလှူရှင်များက အောက်စီဂျင်အိုးနှင့် အလှူငွေများကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦး၏ မှတ်သားစရာ သြဝါဒစကားများ

အောက်တိုဘာ ၅ ရက်နေ့ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ဆရာများ၏ နာသုံးနာနှင့်အညီ တပည့်တွေအပေါ်ထားရှိသော စေတနာကို ဖော်ညွှန်းသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အ.ထ.က သက္ကောကျောင်းအုပ်ဆရာကြီးဖြင့် အငြိမ်းစားယူခဲ့သည့် ဆရာကြီးဦးခင်မောင်စိုး၏ ပညာရေးဝန်ထမ်းဘဝ လုပ်သက်ကာလအတွင်း ဖြတ်သန်းခဲ့သည့် ဘဝအတွေ့အကြုံ ရင်တွင်းစကားသံကို ဖော်ပြလိုက်ပါသည်။

ရေးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (Talk Show) ကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်မြောင်း၌ ဆဌမအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ (အ.ထ.က)ကျောင်းတွင် ဆဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ/ရှမ်း နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များအား ယနေ့ နံနက်ပိုင်းက  မြို့ပေါ်ရှိ ရပ်ကွက်များသို့  မြန်မာ/ရှမ်းနှစ်ဘာသာဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးသော သံဃာတော် ဆရာတော်ကြီးများ အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆေးများကို မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးရေ ၁၆၀၀၀ တပ်မတော် လေယာည်ဖြင့် ပို့ဆောင်

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ဆေးအလုံးရေ ၁၆၀၀၀ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယနေ့ နံနက် ၁၁ နာရီက ရောက်ရှိသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၁၅ ဦးထပ်မံတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၁၅ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းသူများနှင့်ကူညီပံ့ပိုးသူတို့၏စကားသံများ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပြီး ပြန်လည်ကျန်းမာသူများနှင့် ကူညီပံ့ပိုးသူများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက တဲကြီးကျေးရွာသို့ ကွင်းဆင်းမေးမြန်းခဲ့ရာ ၎င်းတို့၏ အတွေ့အကြုံစကားသံများကို တင်ပြလိုက်ရပါသည်။

ပွင့်ဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွှဲပြောင်းပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ လူမှုဘဝ ပြည့်စုံဖို့အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါ ရပ်ကွက်ရှိဓမ္မာရုံတွင် ကျင်းပသည်။
Subscribe to