ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ၊ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုနှံပေးရာ ဦးတည်အုပ်စုများတွင် အသက် ၅၅ နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မန်ကန်မြို့ရှိ မြို့တွင်းရှိဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာများစုပေါင်း၍ ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုများ ဆက်ကပ်လှူဒါန်း

မန်ကန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား ဌာနဆိုင်ရာများ စုပေါင်း၍ ဆွမ်းဆန်စိမ်း၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ အားလူး၊ ကြက်သွန်နီနှင့် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ မြို့ဦးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းလုံမြို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးထိခိုက်မှုအပေါ် အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးထိခိုက်မှုအပေါ် အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁ဝ) အချိန်ခန့်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းငေါ့မြို့ လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က အဆိုပါ ရုံးရှိဝန် ထမ်း များဖြင့် စာရေးဆရာအောင်သင်း၏ အတွေ့အကြုံနှင့်အတွေးအကြံစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုပြု လုပ်ဆောင်ရွက်ခဲ့သည်။

သပိတ်ကျင်းမြို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ထုတ်ချေးငွေပြန်လည်ပေးဆပ်ရက်နှင့် ထုတ်ချေးကာလ ပြင်ဆင်သတ်မှတ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၀ ပြည့်နှစ် မိုးဘဏ်ချေးငွေ ထုတ်ပေးထားသည့် ထုတ်ချေးငွေပြန်လည်ပေးဆပ်ရက်နှင့် ငွေထုတ်ချေးကာလအား ပြင်ဆင်သတ်မှတ်ထားကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးဇော်မျိုးသန့်၏ ပြောပြချက်အရသိရသည်။

ကလေးဝမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ ဆက်လက် ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေး အဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ချင်းတွင်း မြစ်သာခန်းမ၊ မစိန်ကျေးရွာ၊ ကျော်ဇင်ကျေးရွာတို့ရှိ ဓမ္မာရုံနှင့် စာသင်ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to