ကျောက်မဲ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၁၅ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာသူများအား ကိုဗစ် ၁၉ ပိုးရှိ/မရှိကို နေ့စဉ် စစ်ဆေးပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၅ ဦးထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ကျောက်မဲမြို့နယ် ပညာရေးမှူးရူံမှ ၃ ဦး၊ နောင်ပိန်ကျေးရွာမှ ၃ ဦး၊ ပုံဝိုးကျေးရွာမှ ၂ ဦးနှင့် မိုင်းလုံမြို့မှ ၇ ဦး ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၄၉၆ ဦး ၊ သေဆုံးသူ ၈၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)