မိုင်းလုံ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန် ယမန်နေ့က ဖြူစင်မေတ္တာပရဟိတအသင်းထံ အလှူရှင်များက အောက်စီဂျင်အိုးနှင့် အလှူငွေများကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် မိုင်းလုံနယ်မြေရဲစခန်းမှ အောက်စီဂျင်အိုး (၁)လုံး ဦးအန်းစိမ်း+ဒေါ်မြင့်မြင့်အေး မိသားစု(စျေးရပ်ကွက်)မှ အောက်စီဂျင်(၁)လုံး၊ ကွယ်လွန်သူနန်းအေးလှိုင်(ခ)မိရှန်း အားရည်စူး၍ ကျန်ရစ်သူမောင်နှမများ (မန္တလေးမြို့)မှ အလှူငွေ (၁၀၀၀၀၀/-)ကျပ်၊ ဒေါ်သိန်းစော-သမီး နန်းမြတ်နိုးငယ်(အောက်ရပ်ကွက်)မှ (၅၀၀၀၀/-)ကျပ်၊ မြို့ဟောင်း ကျေးရွာနေ နန်းစုမြတ်နိုးခင် မှအလှူငွေ (၅၀၀၀၀/-)ကျပ် လှူဒါန်းခဲ့ရာ မိုင်းလုံမြို့ ဖြူစင်မေတ္တာ ပရဟိတအသင်းမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)