ဘုတလင် အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးသော သံဃာတော် ဆရာတော်ကြီးများ အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆေးများကို မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးပြီး ဒုတိယအကြိမ်မထိုးရသေးသူများ ကျန်ရှိနေပါက မပျက်မကွက်လာရောက်ထိုးနှံပေးကြပါရန်၊ ကိုဗစ်-၁၉ ရောဂါ ကို ကာကွယ်ထိနိးချုပ်နိုင်ရန်အတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ အလေးထားလိုက်နာကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဆေးများ စနစ်တကျထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဘုတလင်