ရေးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်

ရေး အောက်တိုဘာ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (Talk Show) ကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြပြီး မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့စတင် ကျင်းပရခြင်းနှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သင်္ကေတပုံရိပ်အား ရှင်းလင်း ဆွေးနွေးပြီးနောက် အမှတ်()အခြေခံပညာ အလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်အေးက ဆရာကျင့်ဝတ်များအကြောင်း၊ ဆရာ/ဆရာမများ၏ ဂုဏ်အင်များနှင့် ပညာရေး ကဏ္ဍတွင် ဆရာ/ဆရာမများ၏ အရေးပါပုံများကို ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့အား ၂၀၀၂ ခုနှစ် အောက်တိုဘာလ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ နိုင်ငံတော်အဆင့် အခမ်းအနားကို စတင်ကျင်းပခဲ့ရာ  ယခု၂၀၂၁ ခုနှစ် ဆိုလျှင် ၁၉ နှစ်ရှိပါပြီဖြစ်ကြောင်း ဆရာ မောင်ဟန်ဝင်း (ထန်းတပင်)လောကကို ပညာဖြင့် အလှဆင်သူ၊ သောကကို ကရုဏာဖြင့် ဖြေဖျောက်သူ၊ အများအကျိုးကို ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ်သူ ဆရာဟူ၏ ကဗျာဖြင့် ကမ္ဘာ့ဆရာများနေ့အား ဂုဏ်ပြုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။   

ခင်သိမ့်သိမ့်ရည်