ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးရေ ၁၆၀၀၀ တပ်မတော် လေယာည်ဖြင့် ပို့ဆောင်

ကျိုင်းတုံ        အောက်တိုဘာ ၅

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ဆေးအလုံးရေ ၁၆၀၀၀ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယနေ့ နံနက် ၁၁ နာရီက ရောက်ရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၁၆၀၀၀ နှင့်အတူ TICA (Thailand International Cooperation Agency)မှ လှူဒါန်းပေးသည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်ရန် Real Time RT-PCR Machine ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်နှင့်   တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။

အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၁၆၀၀၀ သည် တစ်လုံးလျှင် လူဦးရေ ၅ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ (၈၀၀၀၀)စာအတွက် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည်ကာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန် Real Time RT-PCR Machine ကို အမြန်ဆုံး တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ လိုအပ်သည် စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)