ပွင့်ဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွှဲပြောင်းပေးအပ်

ပွင့်ဖြူ    အောက်တိုဘာ   

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ လူမှုဘဝ ပြည့်စုံဖို့အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲ နာရီခွဲက အဆိုပါ ရပ်ကွက်ရှိဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်း က  ပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရန်နှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်၍ ယခုပေးအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပျောက်ဆုံး/ပျက်စီးမှုများ မဖြစ်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများထံ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၈ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၃၀ စုအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ပြုလုပ်ပေးခြင်းကို တစ်မြို့နယ်လုံး လူဦးရေ ၃၉၀၀ လျာထား ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး သတ်မှတ်လျာထားဦးရေ  အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။  

ရဲဝင်းနိုင်