မိုင်းငေါ့မြို့အတွင်းရှိ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစား ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၆၅)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက်သွားရောက်၍ မြို့လုံးကျွတ်မြတ်ဆရာပူဇော်ပွဲ ကျင်းပ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အသက်(၆၅)နှစ်နှင့်အထက်ရှိ ဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခြင်းကို ယနေ့နံနက် ၇ နာရီကစတင်ကာ စုရပ် ၇ ခုတွင် အဖွဲ့ ၇ ဖွဲ့ခွဲပြီး သွားရောက်ပူဇော်ကန်တော့ခဲ့ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန် အတွက် ငါးသားပေါက် များပေးအပ်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများသို့ လုပ်ငန်းများ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများသို့ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်အရ ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ Mobile စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့မှယမန်မွန်းလွှဲပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာ များသို့သွားရောက်၍ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချနေသည့် စက်သုံးဆီ ဆိုင်များနှင့် ပုံမှန်ဖွင့်လှစ်နေ သည့် အခြားဆီဆိုင်များအား ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့၌ အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။
Subscribe to