ကျောက်မြောင်း အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ (အ.ထ.က)ကျောင်းတွင် ဆဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဘော်လန်ဒီယာများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဆရာတော် သံဃာတော်များ၊ စျေးသည်များနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကျန်းမာရေးဝန်ထမ်းများက ဆေးမထိုးမှီ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ပြုလုပ်ပြီးမှ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများကို ခွဲတမ်းကျရရှိသည့် အလုံးရေအလိုက် (အသုတ်) များခွဲပြီး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို (ပထမ)အသုတ် ဆေး(၂)ကြိမ် ထိုးနှံပြီးသူ လူ(၁၅၅)ဦး၊ (ဒုတိယ)အသုတ် ဆေး(၂)ကြိမ်ထိုးနှံပြီးသူ လူ(၁၉၀)ဦး၊ (တတိယ)အသုတ် ဆေး(၂)ကြိမ် ထိုးနှံပြီးသူ လူ(၂၉၀)ဦး စုစုပေါင်း ဆေး(၂)ကြိမ်ထိုးနှံပြီးသူ လူ(၆၃၅)ဦး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်(ပထမ)အကြိမ် လူ(၆၅၃)ဦးအတွက် ဆေးလုံးရေ(၁၂၇)လုံး၊ ပဥ္စမအသုတ်(ပထမ)အကြိမ် လူ(၅၅၀)ဦးအတွက် ဆေးလုံးရေ(၁၁၀)လုံး၊ ဆဌမအကြိမ်(ပထမ)အသုတ် လူ(၅၉၅)ဦးအတွက် ဆေးလုံးရေ (၁၁၉)လုံး ထိုးနှံပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံသည့်နေရာတွင် ကျောက်မြောင်းမြို့ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးထွန်းအေးခိုင်နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများက ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီဟာနု(ပြန်/ဆက်)