ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦး၏ မှတ်သားစရာ သြဝါဒစကားများ

ချောင်းဆုံ စက်တင်ဘာ

အောက်တိုဘာ ရက်နေ့ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ဆရာများ၏ နာသုံးနာနှင့်အညီ တပည့်တွေအပေါ်ထားရှိသော စေတနာကို ဖော်ညွှန်းသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်  ..က သက္ကောကျောင်းအုပ်ဆရာကြီးဖြင့် အငြိမ်းစားယူခဲ့သည့် ဆရာကြီးဦးခင်မောင်စိုး၏ ပညာရေးဝန်ထမ်းဘဝ လုပ်သက်ကာလအတွင်း ဖြတ်သန်းခဲ့သည့် ဘဝအတွေ့အကြုံ ရင်တွင်းစကားသံကို ဖော်ပြလိုက်ပါသည်။

ဦးခင်မောင်စိုး (အထက်တန်းကျောင်းအုပ်အငြိမ်းစား)

ယခုဆရာကြီးပညာရေးလောကမှာ ၃၃ နှစ်တာကာလ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်အတွင်း မြန်မာနိုင်ငံပညာရေးက သင်ရိုးညွှန်းတမ်းလဲ ကောင်းပါတယ်။ သင်ပြတဲ့နည်းစနစ်လဲ ကောင်းပါတယ်။ ဒါပေမယ့် ခံယူတဲ့ကျောင်းသားတွေအပေါ်မှာ ပတ်ဝန်းကျင်တွေရဲ့အပေါ်မှာ ကွဲပြားခြားနားသွားတာပါ။ မြန်မာနိုင်ငံရဲ့ ပညာရေးက ထိရောက်တဲ့ပညာရေးပါ၊ ဟိုးရှေးခေတ်က ဘုန်းကြီးကျောင်းပညာရေးခေတ် ကတည်းက မြန်မာနိုင်ငံပညာရေးက ကောင်းခဲ့တယ်၊ ခုထက်ထိကို ကောင်းနေဆဲပါ။ ကမ္ဘာနှင့်လည်း ရင်ဘောင်တန်းနိုင်တဲ့ သင်ရိုးနည်းစနစ်ရှိတယ်လို့  ရဲ့ရဲ့ဝံဝံပြောရဲကြောင်း ပညာရေးလောကကို ဖြတ်သန်းခဲ့ရတဲ့ ရည်ရွယ်ချက်က အဓိက ကိုယ့်ရဲ့ဝါသနာ၊ စေတနာ၊ အနစ်နာခံနိုင်ဖို့ အရေးကြီးတယ်။ ပညာရေးလောကဟာ လူမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကောင်းတဲ့လူတွေနဲ့ ဆုံရသလို ဆိုးတဲ့လူတွေနဲ့လည်း ဆုံခဲ့ရပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ ကျောင်းသားတွေနဲ့ ဆုံရသလို အရမ်းကြီးကို ဆိုးသွမ်းတဲ့ကျောင်း သားနဲ့လည်းဆုံရတယ်။ ဆရာကြီးရဲ့ လုပ်သက်တစ်လျှောက်မှာ ဆရာ/ တွေပြစ်ထားတဲ့ ကလေးတွေနဲ့ အများကြီး ကယ်တင်ခဲ့ရတယ်။ ကလေးတွေရဲ့ မိဘအသိုင်းအဝိုင်း ပတ်ဝန်းကျင်အခြေအနေတွေကိုလိုက်ပြီး သူတို့ဘဝတိုးတက်အောင် အများကြီးလုပ်ခဲ့ရတယ်။ သူတို့တွေလည်း တိုးတက်ပြောင်းလဲလာတယ်။ အဲဒီလို လုပ်ရတာကို ဝါသနာပါလို့ ဒီကျောင်းဆရာအလုပ်ကို လုပ်ခဲ့တာပါ။ ဒီလောကကို ဖြတ်သန်းရတာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့တာပါ။ အခုထက်ထိလည်း ပျော်ရွှင်နေတုန်းဘဲ။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အနေနဲ့ သြဝါဒစကား ပြောကြားချင်တာက ကျောင်းသားကျောင်းသူတိုင်း သူတို့ရဲ့ပင်ကိုယ်စရိုက် ထူးခြား ချက်အသီးသီးရှိကြပါတယ်။ ဒါကြောင့်မို့ တပည့်တွေအနေနဲ့လည်း ပညာရှာတဲ့အခါမှာ နေရာဒေသကို မရွေးချယ်ဘဲ မိမိရဲ့ပင်ကိုယ်ဗီဇ မိမိတို့ဝါသနာ ပါရာပညာကို လေ့လာဆည်းပူးမှသာ မိမိရဲ့အောင်မြင်မှု ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ဆရာဆိုတာ ဆြာရာလို့ အဓိပ္ပါယ်ရပါတယ်။ အေးမြတဲ့အရိပ်ကို ပေးတဲ့သူပါ။ တကယ့်တော စိတ်ထားမြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်းတွေ စိတ်ထားကောင်းတဲ့ နိုင်ငံ့သားကောင်းတွေ  ကျွမ်းကျင်တဲ့ တတ်သိပညာရှင်တွေကို မွေးဖွားပေးတဲ့နေရာက ဆရာဖြစ်ပါတယ်။ ဆရာတွေရဲ့အလုပ်ဟာ ကြည့်လို့ရှိရင် ဘယ်လိုမှမထင်မှတ်ဘဲ သေးငယ်ပေမဲ့ သူတို့တွေ တစ်ယောက်ချင်းစီရဲ့ အခန်းကဏ္ဍက အင်မတန်မှ လေးနက်ပြီးမြင့်မြတ်ပါတယ်။ ဒါကြောင့် ဆရာတွေရဲ့ အခန်းကဏ္ဍက အရေးမကြီးဘူးလို့လဲ ပြောလို့မရဘူး။ အရမ်းအရေးကြီးတဲ့ အတွက်ကြောင့်မို့ ဆရာ/ဆရာမတွေအားလုံးရော ပညာရေးလောက ကအားလုံးရော ပညာရေးနှင့်ပတ်သက်ပြီး အစွမ်းကုန်ကြိုးစားရင်းနဲ့  နိုင်ငံ့ရဲ့ဂုဏ်ကို မြှင့်တင်ပါလို့ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မွန်ကြီး