ကျောက်ဖြူမြို့နယ်တွင် စေတနာ့ဝန်ထမ်း(ဆင့်ပွား)သင်တန်းဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၈ နာရီက စေတနာ့ ဝန်ထမ်း(ဆင့်ပွား)သင်တန်းကို ဖွင့်လှစ်ပို့ချကြောင်းသိရသည်။

သံတွဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦး စီးမှူး ဦးမြင့်ဇော် နှင့် ၀န်ထမ်းများသည် အသက်(၁၆)နှစ်မှအသက်(၁၈)နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့် သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၅ ရက်နေ့က ငပလီမြို့ လင်းသာရပ်ကွက်သို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ပေါက်တောမြို့နယ်ရှိတိုက်ပွဲရှောင်စခန်းများ၌ ခိုလှုံနေကြသောပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် ရှိ စစ်ဘေးရှောင်စခန်း ၃ခုရှိစစ်ဘေး‌ရှောင် ပြည်သူများအား Sinovac (Corona vac) ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာစုရပ် ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၁၀ နာရီက ထိုးနှံပေးသည်။

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ အုပ်စု၊ ကရင်ကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေ စာရင်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာ မူလတန်းလွန် ကျောင်း၌ ကွင်းင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ပညာရေး အငြိမ်းစား ဝန်ထမ်း ဦးစခင်သန်းအား တွေ့ဆုံမေးမြန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၁ ခုနှစ် ယနေ့ ကျရောက်သည့် "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပညာရေးအငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးစခင်သန်းအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်လှလှနွယ်က တွေ့ဆုံမေးမြန်းထားရှိမှုကို ဖော်ပြလိုက်ရပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အခြေခံပညာအထက်တန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး တက်ရောက်

မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာန အလိုက်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်၊၊

မလှိုင်မြို့နယ်၌ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူ (၁၄၈၃ဝ) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များထိုးနှံပေးမည်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီ နှင့် မြို့နယ်ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများတွေ့ဆုံ၍ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများကို ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး  လုပ်ငန်းညှိနှိုင်း အစည်းဝေးကို မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည် ။

ဟင်္သာတမြို့နယ်တွင်၂၀၂၁ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့်"ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာမကြီး ဒေါ်တင်တင်လိူင် ၏ရင်တွင်း စကားသံများကိုတွေ့ဆုံမေးမြန်းခြင်း

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်၂၀၂၁ ခုနှစ် အောက်တိုဘာ (၅)ရက်နေ့တွင် ကျရောက်သည့်"ကမ္ဘာ့ဆရာများနေ့"အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာမကြီး ဒေါ်တင်တင်လိူင်၏ရင်တွင်း စကားသံများအား တွေ့ဆုံမေးမြန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ သုံးပင်ကွင်း အလယ်လမ်းရှိဆရာမကြီး နေထိုင်သောနေအိမ်တွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်းသိရသည်။
Subscribe to