မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများ စဉ်ဆက်မပြတ်  ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက် များအတွင်း Hand Speaker ဖြင့်ဆော်ဩမှု ပြုလုပ်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်၌ မသန်စွမ်းသူများအကြောင်း အသိပညာပေး (TALK SHOW) ကျင်းပ ပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍  မသန်စွမ်းသူများအ ကြောင်းအသိပညာပေး (TALK SHOW)ကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွှဲ(၃)နာရီအချိန်က ကျင်းပခဲ့သည်။

ကျိန္တလီမြို့၌ အသက်(၄၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပဉ္စမနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမနေ့ဆက်လက်ထိုး နှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမစုရပ်၌ ယမန်နေ့နံနက် ၉ နာရီ အချိန်မှညနေ(၃) နာရီအချိန်ထိ အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၃)ရပ်ကွက်၊ စေတီကွင်း ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ် အထက်ပြည်သူများအား ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ပုလောမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး နိုင်ရေး အစီအမံများ ချပြဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသား/ သူများအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး အောက်တိုဘာလ ဒုတိယအပတ်တွင် ထိုးနှံပေးနိုင်ရေး အစီအမံများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစု မြို့နယ် ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့က ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့် ရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နေ့လယ် ၃ နာရီခန့်က  “လူငယ်နှင့် ရည်မှန်းချက် ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်စန်တွင်  အောက်တိုဘာ ၅ ရက်နေ့၌  ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးသေဆုံးပြီး ကိုဗစ်-၁၉ လူနာအသစ် ၂၂ ဦးစစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ ၂ရက်နေ့၌ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ၍ ကုသမှုခံယူလျှက် ရှိသော အမှတ်(၅)ရပ်ကွက် မှ အသက်၇၆ နှစ်အရွယ် အမျိုးသား ၁ ဦး သည်  ယမန်နေ့နံနက် ၃နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ရာ မြို့နယ်မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ နေ့ချင်းမီးသင်္ဂြိုလ် ခဲ့ကြောင်းသိရသည်။

နမ့်စန်တွင် Mask မတပ်ဆင်ဘဲ သွားလာနေသူ ၈၀ဦးကို RDT Test Kit ဖြင့် စစ်ဆေး ၊ အမျိုးသား ၂ ဦးထံတွင်  ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် Mask မတပ်ဆင်ဘဲသွားလာနေကြသူများအား  ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရခြင်းရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ခန်းမရှေ့ ၊ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to