ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ပင်းတယမြို့နယ်ရုံးမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ်အတွင်း ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးပြန်လည် နေကောင်းကျန်းမာလာသူ အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။