မောက်မယ်မြို့နယ်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် မသန်စွမ်းသူများ၏ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ အလုပ်အကိုင်ရရှိမှုစသည့် ဥပဒေပါအခွင့်အရေးများ အားလုံးသိရှိနားလည်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးတို့မှ ပူးပေါင်းပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးTalk Showဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင်ကျင်းပခဲ့သည်။