ပြင်ဦးလွင် ( အခမဲ့ ) နာရေးကူညီမှုအသင်းကြီးရှိ အသင်းသား / အသင်းသူများ၏ မိသားစုဝင်များအားကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုတွင် အသက် ( ၁၈ ) နှစ် နှင့် အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း ( ၁) နာရီကပြင်ဉီးလွင် ( အခမဲ့ ) နာရေးကူညီမှုအသင်းကြီး၌ ကျင်းပပြုလုပ် သည် ။

တိုက်နယ် ကျေးလက်ကျန်းမာရေးဌာန၊စုရပ်နေရာ၌ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ တိုက်နယ်ကျေးလက် ကျန်းမာရေးဌာန တွင် စုရပ်သတ်မှတ်ပြီး ကလေးများအား အဆုပ်ရောဂါ (ငါး)မျိုးစပ်၊ဝက်သက်၊ ဂျိုက်သိုး၊ အသွင်ပြောင်း ပိုလီယိုကာကွယ်ဆေး ထိုးနှံခြင်း နှင့် ကလေးများအား အသက်အရွယ်အလိုက် ဝမ်းပျက် ဝမ်းလျှော ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့နာ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို အောက်တိုဘာလ ( ၄ ) ရက်နေ့ မှ (၇) ရက်နေ့ အထိ နံနက်(၉)နာရီ မှ ညနေ (၄)နာရီ အထိ ဆေးထိုး ဆောင်ရွက်ကြကြောင်းသိရသည်။

ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အောက်တိုဘာလ ၈ ရက်နေ့ နံနက် (၉)နာရီမှ စတင်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသော ဒေသခံပြည်သူ ထိုးနှံ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူခရိုင်အတွင်း ချည်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ချည်ထည်လုပ်ငန်းရှင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူခရိုင်အတွင်း ချည်ထည် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံချည်ထည် လုပ်ငန်းရှင်များ၊ လုပ်ငန်း ကော်မတီဝင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ် တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်လာသူ၏ ရင်တွင်းစကားသံ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ် ကာကွယ်ဆေးများ ကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး၊ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရ သော်လည်း ပြန်လည် ကောင်းမွန်လာသူ ဒေါ်အေးအေးဖြိုး ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။

သာစည်မြို့ ရုံးပေါင်းစုံလမ်းအား နိုင်လွန်ကတ္တရာခင်းခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ထောက်ပံ့ပေးမှုနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၏ ဘတ်ဂျက်ရန်ပုံငွေတို့ဖြင့် သာစည်မြို့ အမှတ်(၅)ရပ်ကွက် ရုံးပေါင်းစုံလမ်းအားနိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

မိုးမိတ်မြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ  ဆောက်ဆီဂျင်များ အခမဲ့ဖြည့်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ် အတွင်းရှိ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ တပ်ဆင်ပြီးစီးသွားပြီဖြစ်၍ စက်တင်ဘာ ၂၄ ရက်မှစတင်၍ လည်ပတ်ခဲ့ရာ ယနေ့အထိ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး (၁၄၁)လုံးထုတ်လုပ်နိုင်ခဲ့ပြီး မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံ ၊ မဘိမ်းပြည်သူ့ ဆေးရုံနှင့် ပရဟိတလူမှုကူညီရေးအသင်းများအား အခမဲ့ဖြည့်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်နှင့် တတိယ အသုတ်အဖြစ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၄၂၅၀၀)ဦးရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက် ၉ နာရီက တတိယအသုတ် အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စုရပ်(၇)နေရာ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကရသူရိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများကို အသိပေးတိုက်တွန်းနှိုးဆော်

တနင်္သာရီတိုင်းဒေသေကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေး အသိပေးတိုက်တွန်း နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးတွင် ပြည်သူများကို အသိပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရ သည်။

ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ကျွဲခြံကျေးရွာ၌ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to